Refugee Advisory Council Application (Burmese)

A refugee resettlement caseworker helping two recently resettled refugees at his office in Baltimore

CORE ၏ ဒုက္ခသည်အကြံပေးရေးကောင်စီတွင် ပါဝင်ခြင်း


CORE သည် ကမ္ဘာအရပ်ရပ်တွင် ဒုက္ခသည်ပြန်လည်နေရာချထားရေး ဌာန ဝန်ထမ်းများက ယဉ်ကျေးမှု မိတ်ဆက်ခြင်း ကို ထိရောက်စွာ ပေးအပ်နိုင်ရန် ပံ့ပိုးပေးပြီး ချိတ်ဆက်ပေးသည့် နည်းပညာအစီအစဉ် တစ်ခု ဖြစ်သည်။ ဒုက္ခသည်များက အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွါမီနှင့် ရောက်ရှိပြီးနောက်ပိုင်းတွင် ယဉ်ကျေးမှု မိတ်ဆက်ခြင်း ရရှိမှု ပိုမိုကောင်းမွန်လာစေရန် ကျွန်ုပ်တို့သည် ပြန်လည်နေရာချထားရေး အထောက်အကူပြုစင်တာများ (RSCs) နှင့် ပြန်လည်နေရာချထားရေး အေဂျင်စီများ (RAs) နှင့် ပူးတွဲလုပ်ဆောင်သည်။ လက်ရှိတွင် ကျွန်ုပ်တို့က CORE ၏ဒုက္ခသည်အကြံပေးရေးကောင်စီအတွက် လူသစ် စုဆောင်းနေပြီး ပါဝင်လိုသည့် စိတ်ဝင်စားသူများကို ရှာဖွေနေပါသည်။

အစီအစဉ်နှင့် အလုပ်အကြောင်း

IRC ကအကောင်အထည်ဖော်ထားသော ယဉ်ကျေးမှု မိတ်ဆက်ခြင်းဆိုင်ရာ အရင်းအမြစ်ဖလှယ်ရေး (CORE) သည် နည်းပညာအကူအညီပေးသည့် အစီအစဉ်ဖြစ်ပြီ။ ဒုက္ခသည်များသည် အမေရိကန်ပြည်ထောင်စုတွင် မိမိကိုယ်တိုင် ရပ်တည်ဖူလုံရေး အောင်မြင်ရန် ကူညီပေးနေသည့် ယဉ်ကျေးမှု မိတ်ဆက်ခြင်း (CO) ကို ထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာအရပ်ရပ်ရှိ ဒုက္ခသည် ပြန်လည်အခြေချနေထိုင်ရေး ဝန်ထမ်းများအား ချိတ်ဆက်ပံ့ပိုးပေးသည်။ ဤအလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ယူလေ့လာနိုင်သည့် နေရာတစ်ခုဖြစ်သည့် CORE ဝဘ်စာမျက်နှာပန်လည်အခြေချနေထိုင်ရေး လမ်းညွှန် ဝဘ်စာမျက်နှာ နှင့် Settle In မိုဘိုင်းအက်ပ် တို့ကို CORE က ဖွင့်လှစ်စီမံထားရှိသည်။ CORE ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန၏ လူဦးရေ၊ ဒုက္ခသည်နှင့် လူဝင်မှု ကြီးကြပ်ရေးဌာနမှ ငွေကြေးထောက်ပံ့သည်။

CORE သည် ဒုက္ခသည်အကြံပေးရေးကောင်စီ (RAC) တွင် တစ်နှစ်တာအတွက် ကာလတိုနှင့် အချိန်ပိုင်း လုပ်ဆောင်နိုင်မည့် ယခင်ပြန်လည်အခြေချနေထိုင်သူ ဒုက္ခသည်များကို ရှာဖွေနေပါသည်။ RAC တွင် အမေရိကန် ပြည်ထောင်စု ဒုက္ခသည်လက်ခံရေး အစီအစဉ် (USRAP) မှတစ်ဆင့် ပြန်လည်အခြေချနေထိုင်သူ ယခင်ဒုက္ခသည် ၂၀ ဦးအထိ ပါဝင်ပါသည်။ RAC အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရွေးချယ်ထားသည့် အကြံပေးသူများသည် ဒုက္ခသည် အချက်အလက်ဆိုင်ရာ အရာရှိနှင့် အခြား CORE ဝန်ထမ်း အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပူးပေါင်းကာ လိုအပ်သည့် သတ်သတ်မှတ်မှတ် အကြံပြုချက်များဖြင့် ပံ့ပိုးပေးပြီး ယဉ်ကျေးမှု မိတ်ဆက်ခြင်း(CO) နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးသည့် CORE ၏ လုပ်ဆောင်ချက်များကို အသိပေးရမည်။

RAC ၌ ပါဝင်ဆောင်ရွက်ရာတွင် အသင်းအဖွဲ့နှင့် ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်နိုင်မှု၊ ပျှမ်းမျှအားဖြင့် တစ်လလျှင် ၅-၈ နာရီအထိ ၁၂ လတာ လုပ်ကိုင်နိုင်မှုတို့ လိုအပ်ပါသည်။ ဤအလုပ်အတွက်
အခကြေးငွေ ရရှိမည်ဖြစ်ပြီး အပြိုင်အဆိုင် လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ပြီး အမေရိကန်ပြည်ထောင်စု ဒုက္ခသည်လက်ခံရေး အစီအစဉ် (USRAP) မှတစ်ဆင့် ပြန်လည်အခြေချနေထိုင်သူ ဖြစ်ရမည်။ RAC တွင် ပါဝင်ရန် အတွက် လျှောက်ထားသူသည် အောက်ပါ ဘာသာစကား အနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖတ်နိုင် ပြောနိုင်ရမည်-

  • အာရဗီ၊
  • ဒါရီ၊
  • အင်္ဂလိပ်၊
  • ကင်ရာဝန်ဒါ၊
  • ရုရှ၊
  • စပိန်၊
  • နှင့်/သို့မဟုတ် ဆွာဟီလီ။

အဓိကတာဝန် ဝတ္တရားများ-

  • ဒုက္ခသည် အချက်အလက်ဆိုင်ရာ အရာရှိ၊ CORE ဝန်ထမ်း အဖွဲ့ဝင်များနှင့် အခြား RAC ပါဝင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ၏ အခက်အခဲများကို သိသာစေရန် ကိုယ်စား တင်ပြပြောဆိုခြင်း၊ သီးခြားအဖွဲ့ ဆွေးနွေးပွဲများ၊ တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်းများ၊ သို့မဟုတ် အခြားသော အသုံးပြုသူကို ဗဟိုပြုသည့် စမ်းသပ်စစ်ဆေးမှုနှင့်/ သို့မဟုတ် စစ်တမ်းနည်းလမ်းများအားဖြင့် ယဉ်ကျေးမှုမိတ်ဆက်ခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများ (ဥပမာ အိမ်ယာ၊ ယဉ်ကျေးမှုနှင့် အလိုက်သင့် ပြုမူနေထိုင်ခြင်း၊ အလုပ်အကိုင်၊ ကျန်းမာရေး စသည်) နှင့်ပတ်သက်ပြီး အကြံပြုခြင်း၊
  • လိုအပ်လျှင် လိုအပ်သလို အစည်းအဝေးမတိုင်မီ စာရွက်စာတန်းများကို ကြိုတင်ကြည့်ရှုပြီး အချက်အလက် ပါရှိသည့် စာရွက်စာတန်းများ၊ ဗီဒီယိုများ၊ အသစ် ရောက်လာသည့် ဒုက္ခသည်များ အတွက် ပြုလုပ်ထားသည့် အခြားသော သတင်း အချက်အလက်များ အပါအဝင် အကြံများပေးခြင်း၊
  • တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လစဉ် အစည်းအဝေးကို အွန်လိုင်းတွင် တက်ရောက်ခြင်း၊
  • လိုအပ်လျှင် လိုအပ်သလို ကြိုတင်လေ့လာခြင်း သို့မဟုတ် ကြိုတင်လုပ်ဆောင်ရမည်တို့ကို ပြီးဆုံးအောင်လုပ်ခြင်း၊ ဖုန်းအစည်းအဝေး ခေါ်ယူမှုများကို တက်ရောက်ခြင်း၊ စစ်တမ်းများနှင့် အခြား အစီအစဉ်အတွက် ချမှတ်ထားသည့် လုပ်ဆောင်စရာတာဝန်များကို ပြုလုပ်ခြင်းတို့ ဖြစ်သည်။ လုပ်ဆောင်စရာ ဥပမာအချို့မှာ-
    • ဒုက္ခသည်များအတွက် CORE ၏ ဒစ်ဂျစ်တယ် စနစ်များ၊ COREnav နှင့် Settle In တို့ကို အသုံးပြုသူများ အတွက် စမ်းသပ်စစ်ဆေးခြင်း၊
    • မတူကွဲပြားမှု၊ သာတူညီမျှရှိမှုနှင့် ထည့်သွင်း ပါဝင်စေမှု အကြောင်းအရာများနှင့် သက်ဆိုင်သည့် တစ်ဦးချင်း အင်တာဗျူးနှင့် သီးခြားအဖွဲ့လိုက် ဆွေးနွေးမှုများ၊
    • ဒုက္ခသည်များအတွက် CORE ၏ အရင်းအမြစ်များ၊ “ရဲအရာရှိများနှင့် တုံ့ပြန်ဆက်ဆံနည်း” ကဲ့သို့သော CORE ၏ အချက်အလက်ပါ စာရွက်စာတမ်းနှင့် ဗီဒီယိုတို့အပေါ် အကြံပြုချက်များ ပေးခြင်း။

အလုပ်အတွက် လိုအပ်ချက်များ-

  • ချိတ်ဆက်ပူးပေါင်းပြီး လုပ်နိုင်ခြင်းနှင့် အဖွဲ့နှင့် လုပ်နိုင်ခြင်း၊
  • ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်စွမ်းနှင့် အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းတွေ့ဆုံရာတွင် ပွင့်လင်း ရိုးသားသည့် အကြံပြုချက်များ ပေးနိုင်ခြင်း၊
  • ပြန်လည်အခြေချနေထိုင်ခြင်း အစီအစဉ်တွင် ကောင်းမွန်သည့်ပြောင်းလဲမှုအတွက် ဆန်းသစ် တီထွင်လိုခြင်းနှင့် ဒုက္ခသည် ဦးဆောင်မှုတွင် ပါဝင်လိုခြင်း၊ CORE နှင့် ယာယီ ဆွေးနွေး အကြံပေးသူ အဖြစ် လုပ်ကိုင်နိုင်ခြင်း၊
  • တစ်လလျှင် ပျှမ်းမျှ ၅-၈ နာရီအထိ အွန်လိုင်း တွေ့ဆုံမှုများကို ၁၂ လအထိ လုပ်ကိုင်ရန် ဆုံးဖြတ်ခြင်း၊
  • အောက်ပါ ဘာသာစကား တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ဖတ်နိုင် ပြောနိုင်ခြင်း- အာရဗီ၊ ဒါရီ၊ အင်္ဂလိပ်၊ ကင်ရာဝန်ဒါ၊ ရုရှ၊ စပိန် နှင့်/သို့မဟုတ် ဆွာဟီလီ။ လိုအပ်လျှင် CORE က စကားပြန်ဝန်ဆောင်မှု ပံ့ပိုးပေးပါမည်။

အခြေခံအဆင့် ဒစ်ဂျစ်တယ် သိကျွမ်းမှုနှင့် ဒစ်ဂျစ်ဒယ် ချိတ်ဆက်မှုရှိရန် လိုအပ်ရာတွင် ဖုန်းအစည်းအဝေး သို့မဟုတ် ဇူးမ် အစည်းအဝေးကို ဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာ သုံး၍ ကောင်းမွန်သည့် အင်တာနက်ချိတ်ဆက်မှုဖြင့် တက်ရောက်နိုင်ခြင်း၊ အွန်လိုင်းတွင် ရေးသား ဖြည့်စွက်ရမည်များကို လုပ်ဆောင်နိုင်ခြင်း။

လုပ်ငန်းခွင်ဝန်းကျင် အဝေးမှ လုပ်ကိုင်ရမည်၊ အချိန်ဇုံကွာခြားမှုကြောင့် ညနေပိုင်းတွင် လုပ်ရသည်များလည်း ရှိနိုင်သည်။

ကျွန်ုပ်တို့သည် အခွင့်အရေးတန်းတူပေးသည့် အလုပ်ရှင် ဖြစ်ပြီး ကျွန်ုပ်တို့ ကုမ္ပဏီရှိ မတူကွဲပြားမှုများကို တန်ဖိုးထား ပါသည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားရောင်၊ မူရင်းနိုင်ငံ၊ လိင်၊ လိင်သတ်မှတ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ အသက်၊ အိမ်ထောင်ရေးအခြေအနေ၊ စစ်ပြန်ဖြစ်မှု၊ သို့မဟုတ် မသန်စွမ်းဖြစ်မှုတို့ကို အခြေခံပြီး ကျွန်ုပ်တို့က ခွဲခြားနှိမ့်ချခြင်း မရှိပါ။ မသန်စွမ်းသူများအား အလုပ် လျှောက်ထားခြင်း သို့မဟုတ် အင်တာဗျူး ပြုလုပ်ခြင်းနှင့် အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်ခြင်းတို့အတွက် သင့်တင့်လျောက်ပတ်သည့် ပစ္စည်းများဖြင့် စီစဉ်ပေးမည် ဖြစ်ပြီး အလုပ်မှ ရရှိမည့် တခြားအကျိုးခံစားမှုများကိုလည်း ရရှိစေမည် ဖြစ်သည်။ ပံ့ပိုးမှုများ တောင်းဆိုလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

လျှောက်ထားနည်း

ဒုက္ခသည်အကြံပေးရေးကောင်စီတွင် ပါဝင်ရန် လျှောက်ထားခြင်း အတွက် စစ်တမ်းအတိုနှင့် သင်၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းကို ပေးပို့ရပါမည်။ ဒုက္ခသည်အကြံပေးရေးကောင်စီတွင် လျှောက်ထားလိုပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ပါ။

၁။ အလုပ်လျှောက်လွှာကို ရယူရန်နှင့် သင့်ဘာသာစကားကို ရွေးချယ်ရန် ဤလင့်ခ် ကိုဖွင့်ပါ။ သင့်ဘာသာစကားကို ရွေးချယ်နိုင်ခြင်းမရှိပါက အောက်ပါ ဘာသာစကားများဖြင့် လျှောက်လွှာကို ရယူနိုင်ပါသည်-

၂။ လျှောက်လွှာပါ မေးခွန်းများကို ဖြေဆိုပြီး သင်၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းကို လျှောက်လွှာနှင့် ပူးတွဲပါ။ အကယ်၍ အလုပ်လျှောက်လွှာတွင် သင်၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းကို ပူးတွဲနိုင်ခြင်းမရှိပါက ဤအီးမေးလ် coresourceexchange@rescue.org. ဖြင့် ကျွန်ုပ်တို့ထံ တိုက်ရိုက် ပေးပို့နိုင်သည်။

၃။ သင့်လျှောက်လွှာကို ပေးပို့ပါ။

လျှောက်ထားပြီးပါက လူတွေ့မေးမြန်းရန် အရည်အချင်းပြည့်သူများကို ကျွန်ုပ်တို့က ဆက်သွယ်ပါမည်။ CORE သည် လူတွေ့မေးမြန်းရာတွင် လိုအပ်သလို စကားပြန်ဝန်ဆောင်မှု စီစဉ်ပေးပါမည်။ ထို့အပြင် အီးမေးလ်ဆက်သွယ်မှုများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်သွယ်မည်ဖြစ်ပြီး လိုအပ်လျှင်လိုအပ်သလို ဆက်သွယ်မှုများကို CORE ကဘာသာပြန်ဆိုပေးပါမည်။

ဒုက္ခသည်အကြံပေးရေးကောင်စီအကြောင်းနှင့် မေးလေ့ရှိသော မေးခွန်းများ

ဒုက္ခသည်အကြံပေးရေးကောင်စီ (RAC) သည် ယခင်က တရားဝင် ပြန်လည်အခြေချနေထိုင်ခဲ့ကြသော ဒုက္ခသည်များထံမှ ၎င်းတို့၏ ယဉ်ကျေးမှု မိတ်ဆက်ခြင်းဆိုင်ရာ အတွေ့အကြုံနှင့် အမေရိကန် ပြည်ထောင်စုသို့  ပြန်လည်အခြေချချိန် အစောပိုင်းက အတွေ့အကြုံများကို စနစ်တကျ ရှင်းလင်းပြသည့် နေရာဖြစ်သည်။ RAC အဖွဲ့ဝင်များသည် USRAP မှတစ်ဆင့် ပြန်လည်အခြေချမည့်သူများ အတွက် ယဉ်ကျေးမှု မိတ်ဆက်ခြင်း ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုး ကူညီကြပါမည်။

RAC တွင် မတူကွဲပြားသော ဒုက္ခသည်များနှင့်/သို့မဟုတ် အမေရိကန် ပြည်ထောင်စုသို့ ပြီးခဲ့သော ၆ လမှ ၂၄ လအတွင်း ရောက်ရှိနေကြသော SIV လျှောက်လွှာရှင်များ ပါဝင်သည်။ ဤနေရာသည် တရားဝင်နေရာ တစ်ခုဖြစ်ပြီး CORE ၏ အရင်းအမြစ်များနှင့် ပတ်သက်၍ လိုအပ်သည့် အကြံပြုချက်များကို ပေးသွားမည်ဖြစ်သည်။ သီးခြားလိုအပ်ချက်များ အတွက်မူ ဒေသခံ ပြန်လည်နေရာချနေထိုင်ရေး အေဂျင်စီကို ဆက်သွယ်ရန် လိုအပ်ပါသည်။

ဟုတ်ပါသည်။ ဤအလုပ်သည် ပြိုင်ဆိုင်လျှောက်ထားနိုင်သော၊ အချိန်ပိုင်း လုပ်ခပေးသည့် အလုပ်ဖြစ်ပါသည်။ ပါဝင်သူများသည် ၁၂ လထက်ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မရှိပါ။ ပါဝင်သူများကို တစ်နာရီ $၄၀ နှုန်း ပေးပါသည်။

RAC တွင် ပါဝင်နိုင်ရန်အတွက် ပါဝင်သူသည် ပြီးခဲ့သည့် ၆ လမှ ၂၄ လအတွင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသူ၊ အမေရိကန် ပြည်ထောင်စု ဒုက္ခသည် လက်ခံရေး အစီအစဉ် (USRAP) မှတစ်ဆင့် ပြန်လည်အခြေချနေထိုင်သူ ဖြစ်ရမည်။ ပါဝင်သူသည် CORE သို့မဟုတ် ၎င်း၏ လုပ်ငန်းများကို သိရှိရန်မလိုအပ်သော်လည်း ဒုက္ခသည် ပြန်လည်အခြေချနေထိုင်ရေး လုပ်ငန်းစဉ်၊ သက်ဆိုင်သော ယဉ်ကျေးမှု မိတ်ဆက်ခြင်း အတွေ့အကြုံရှိရမည်။ ထို့အပြင် ပါဝင်သူသည် ၁၂ လကြာ တာဝန်ထမ်းဆောင်နိုင်ရမည်။ လိုအပ်ချက်အပြည့်အစုံကို သိရှိရန် ကျေးဇူးပြု၍ အလုပ်အကိုင်အကြောင်း ဖော်ပြချက်ကို ကြည့်ပါ။

CORE သည် ပြီးခဲ့သည့် ၆ လ မှ ၂၄ လအတွင်း ယူအက်စ် ဒုက္ခသည် လက်ခံရေးအစီအစဉ်မှတစ်ဆင့် ဒေသခံ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက ပြန်လည်အခြေချနေထိုင်ရန်စီစဉ်ပေးခဲ့သူ ၁၀ ဦးမှ ၁၂ ဦး ကို လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် RAC သည် မတူကွဲပြားသော အတွေ့အကြုံအမြင် အမျိုးမျိုးရှိသူများ ပါဝင်သင့်ပါသည်။ ယင်းအတွက် CORE သည် အောက်ပါ ဒေသမှ အသက် ၁၈ နှစ်နှင့် ၆၄ နှစ်ကြားရှိသူ ပါဝင်သူ တစ်ဦးကျစီကို ရှာဖွေနေပါသည်-

  • အရှေ့အလယ်ပိုင်း
  • အာဖရိက ဆာဟာရပိုင်း
  • အရှေ့ဥရောပ
  • အရှေ့တောင်အာရှ နှင့် အာဖဂန်နစ္စတန်
  • လက်တင် အမေရိက

ကွဲပြားခြားနားသော ဘဝအတွေ့အကြုံရှိသူများ လျှောက်ထားရန် တိုက်တွန်းပါသည်။ မတူကွဲပြားသည့် ဘဝအတွေ့အကြုံများတွင် လူမျိုး၊ ကျွမ်းကျင်မှု၊ လိင်၊ လိင်စိတ်တိမ်းညွတ်မှု၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုးစု၊ နှင့်/သို့မဟုတ် မူရင်းနိုင်ငံတို့လည်း အပါအဝင်ဖြစ်သည်။

ပါဝင်သူသည် အောက်ပါဘာသာစကားအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖတ်နိုင် ပြောနိုင်ရမည်-

  • မြန်မာ၊
  • ဒါရီ၊
  • အင်္ဂလိပ်၊
  • ကင်ရာဝန်ဒါ၊
  • ရုရှ၊
  • စပိန်၊
  • နှင့်/သို့မဟုတ် ဆွာဟီလီ။

အခြေခံအင်္ဂလိပ်ဘာသာ တတ်ကျွမ်းသူကို ပိုလိုလားသော်လည်း လိုအပ်ချက် မဟုတ်ပါ။ လိုအပ်သလို စကားပြန်ဝန်ဆောင်မှုများကို ပံ့ပိုးသွားပါမည်။ အလားအလာရှိသည့် ပါဝင်သူများသည် စကားပြန် ဝန်ဆောင်မှု လိုအပ်ချက်ကို ကြိုတင်အသိပေးရမည်။ ထို့အပြင် CORE က မိတ်ဆက်ခြင်းအချက်အလက်များ၊ စာရွက်စာတန်းများ သို့မဟုတ် မှတ်တမ်းများကို လိုအပ်သလို ဘာသာပြန်ဆို ပံ့ပိုးပေးပါမည်။

အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရှိ ဒေသများကို လက်လှမ်းမီနိုင်ရန် ပါဝင်သူများသည် RAC လုပ်ငန်းများကို အွန်လိုင်းပုံစံဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ CORE က ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု အဆင့်အမျိုးမျိုးကို ကူညီပံ့ပိုးပေးရန် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်သော်လည်း ပါဝင်သူများသည် အခြေခံအဆင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု ရှိသင့်ပါသည်။ ချိတ်ဆက်မှု ကောင်းမွန်သော အင်တာနက်သုံး၍ ဖုန်း သို့မဟုတ် တက်ဘလက် သို့မဟုတ် ကွန်ပျူတာတစ်ခုဖြင့် ဖုန်းအစည်းအဝေး ခေါ်ဆိုမှု သို့မဟုတ် ဇူးမ်ခေါ်ဆိုမှုတွင် ပါဝင်နိုင်ခြင်းလည်း အပါအဝင်ဖြစ်သည်။

ပါဝင်သူများသည် ဇူးမ်မှတစ်ဆင့်ပြုလုပ်သည့် လစဉ် အစည်းအဝေး အတိုများ၊ သီးသန့်အာရုံပြုသည့် အဖွဲ့လိုက်ဆွေးနွေးပွဲကဲ့သို့ ပို၍ကြီးသည့် အစီအစဉ် တစ်ခု၊ နှစ်ခု၊ အင်တာဗျူးများ၊ နှင့်/သို့မဟုတ် အသုံးပြုသူ စမ်းသပ်ခြင်းအပါအဝင် ၁၂ လကြာ ဝန်ဆောင်မှုများကို လုပ်ဆောင်ရပါမည်။ ယခုနှစ်အတွက် မည်သည့် အစီအစဉ်များ လုပ်ဆောင်ရမည်ကို သိလိုပါက ကျေးဇူးပြု၍ အလုပ်အကိုင်အကြောင်း ဖော်ပြချက်ကို ကြည့်ပါ။

လစဉ်အစည်းအဝေးများသည် အွန်လိုင်းခေါ်ဆိုမှုဖြင့် မိနစ် ၆၀-၉၀ အထိ ကြာပါမည်။ ပါဝင်သူများနှင့် CORE ဝန်ထမ်းများနှင့် တိုင်ပင်ပြီး လစဉ်အစည်းအဝေး ပြုလုပ်မည့် နေ့ရက်နှင့် အချိန်ကို ဆုံးဖြတ်ပါမည်။ ပါဝင်သူများသည် အွန်လိုင်းမှ ဇူးမ်ခေါ်ဆိုမှုကို တက်ရောက်ရရန်အတွက် ချိတ်ဆက်မှုအားကောင်းသည့် အင်တာနက်ဖြင့် ကွန်ပျူတာ သို့မဟုတ် တက်ဘလက် လိုအပ်သည် သို့မဟုတ် မိုဘိုင်းဖုန်းမှတစ်ဆင့် ခေါ်ဆို တက်ရောက်နိုင်ရမည်။ တစ်ခါတစ်ရံ ကြိုတင်လုပ်ဆောင်မှုအချို့ လိုအပ်ပြီး လစဉ်အစည်းအဝေးမတိုင်မီ CORE က လုပ်ဆောင်စရာများကို ဆက်သွယ်အသိပေးပါမည်။

လျှောက်ထားရန်အတွက် ဤနေရာတွင်ဖော်ပြထားသည့် အဆင့်များကို လုပ်ဆောင်ပါ။ သင်၏ လျှောက်လွှာကို လက်ခံရရှိပြီး ပါဝင်ရန်အတွက် သင့်အားရွေးချယ်ပါက တွေ့ဆုံမေးမြန်းရန်အတွက် သင့်အား ဆက်သွယ်ပါမည်။